Monday, 11 June 2012

ရိုဟင်ဂျာနဲ့ပက်သက်သော သုံးသပ်ချက် (၃) - ချစ်စကိုရှည်စေ (စိုးမင်း)



အမှားပြင်ဆင်ချက်တွေ အခါခါထွက်ပြီးမှ ပြည်တွင်းနေ မွတ်စလင်ဘာသာဝင်များလို့ တခုတ်တရ သုံးနှုန်းနေကြတာကို နားဝင်မချောသော်ငြား အဲလိုမှ မရုန်းရင် လိုရင်းမရောက်တော့မှာစိုးလို့ လောလောဆယ်တော့ အဲသည်အတိုင်းပဲ ဆက်သုံးထားလိုက်ပါဦးမယ်။ ပြဿနာက လူအုပ်စုတစ်စုကို အမျိုးအစားခွဲခြားပြီး ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာ ကောင်းတဲ့သူတွေကို အလေးအမြတ်ပြုတဲ့အခါ ဆိုးသွမ်းယုတ်မာ အကောက်ကြံသော သူများကလည်း မိန့်မိန့်ကြီး ရောင်တော်ပြန်နဲ့ရောလွှတ်သလို တေလေကြမ်းပိုး ခွေးသူခိုးတို့ကို သုတ်သင်တဲ့အခါမှာလည်း မဆီမဆိုင် ဂုဏ်သရေရှိအနွယ်တူတွေကို အသရေညစ်နွမ်းစေတာမို့ ဖြစ်နိုင်ရင်တော့ ငဖြူငမဲ သဲကွဲအောင်ခေါ်တွင်ပြီး သိမ်းကျုံးလုံးထွေးခေါ်ဝေါ်တဲ့ နာမသညာတို့ကို ရှောင်နိုင်ရင် ကောင်းလိမ့်မယ် ထင်ပါတယ်။ 

အမြဲတမ်း ရှင်းရှင်းနေရတဲ့ အသုံးအနှုန်းတစ်ခုနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်ရဲ့သဘောထားကို တခါတည်း စကားကုန်အောင် ပြောခဲ့ပါ့မယ်။ ကုလားလို့ခေါ်တဲ့ အသုံးအနှုံးဟာ ဆဲရေးတိုင်းထွာတဲ့ အနက်အဓိပ္ပါယ်ကို တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် သက်ရောက်စေတယ်လို့ ဘယ်အဘိဓါန်ထဲမှာမှ မတွေ့ဖူးပါဘူး။ ရှေးကလည်း မရှိခဲ့ပါဘူး။ နှိမ်တယ်လို့ ပြောတာလည်း မမှန်ပါဘူး။ မယုံရင် ဦးကုလားမြန်မာရာဇ၀င်ဆိုတာကို ကြည့်ပါလား။ ဆရာတော် သမားတော်တွေပြုစုထားတဲ့ ကျမ်းကြီးကျမ်းခိုင်တွေနဲ့ တတန်းတည်းထားတာ။ စကားဆိုတာ လိုချင်တဲ့အဓိပ္ပါယ်ရောက်အောင် ဘယ်လိုပဲပြောသည်ဖြစ်စေ အထအနကောက်တဲ့သူကို မူတည်ပြီး အနက်ကို လိုချင်သလို ပြန်ယူကြတာရှိသလို ဥာဏ်မမီလို့ မတွေးတတ်လို့ ဘာပြောသွားလိုက်မှန်း မသိတာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့စာတွေထဲမှာ ကုလားရယ် တရုတ်ရယ် ဗမာရယ်လို့ သုံးနှုန်းထားတယ်ဆိုရင် အဲဒါ ဘုံဆိုင်တဲ့အများပိုင်နာမ်တစ်ခု အနေနဲ့သာ သုံးစွဲထားပါတယ်။ သေချာ ပြန်ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ “ဟဲ့ ကုလား။ နင် သောက်သုံးကိုမကျဘူး။ အဲဒါကြောင့် နင်ကုလားဖြစ်နေတာ။ အကျင့်ကိုက ကုလားကျင့် ကုလားကြံနဲ့။” လို့ တခါမှ မရေးခဲ့ဖူးပါဘူး။ “ဟော ကြည့်။ ပြောရင်းဆိုရင်း စော်ကားနေပြန်ပြီ။ သတ်ပစ် သတ်ပစ်။” လို့ ဆိုကြဦးမှာပဲ။ ဥပမာဗျ။ ဥပမာ။ ဒီနေရာမှာ ပြောချင်တာက စာဖတ်နေရင်း ခံစားမိတဲ့ ကိုယ့်ရဲ့ ပုဂ္ဂလိကအတွေးအမြင်သက်သက်ကို “အို ကုလားအပေါင်းတို့၊ ငါတို့အမျိုးအနွယ်ကို ပုတ်ခတ်စော်ကားလျက်ရှိချေပြီ။ ဤသူကို လွှတ်ထားလျှင် ဒွန္နယာကြီး၌ အလ္လာအရှင်မြတ်၏ နာမတော်ကို ငြိုးနွမ်းစေလိမ့်မည်။ အို မူဆလင်ညီနောင်အပေါင်းတို့ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းလင့်။ သတ်ကြကုန်လော့။” လို့ မောင်းကိုထုပါ လူစုပါဟေ့ လုပ်တဲ့သူကို လူမျိုးရေးအစွန်းရောက်တယ်လို့ မပြောရပဲ သူတို့ကတပြန် ကိုယ့်ကို racist ဖြစ်တယ် ခေါင်းစဉ်တပ်လာတဲ့အခါ စကားနည်းရန်စဲ တုန့်ပြန်ဖြေရှင်းမနေတော့ပဲ ကိုယ့်အလုပ်ကိုသာ ကိုယ်ဆက်လုပ်ခဲ့ပါတယ်။ သို့သော်လည်းပဲ လောလောဆယ်မှာတော့ ပြဿနာက အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်လာတဲ့အတွက် ပြဿနာဖန်တီးနေသူတွေကို ကွဲကွဲပြားပြား မြင်နိုင်အောင် တွေးရရေးပြရပါတယ်။ သူတို့ရန်ကိုကြောက်လို့ ရှင်းပြနေတာ မဟုတ်ပါဘူး။ ရာဇ၀တ်မှု၊ နယ်စပ်ကျူးကျော်မှု၊ တရားဥပဒေမစိုးမိုးမှုတစ်ခုကို ဘာသာရေးအဓိကရုဏ်းတစ်ခု မဖြစ်ဖြစ်အောင် လှုံ့ဆော်ဖန်တီးပြီး ကိုယ်တွေက တရားဥပဒေဘောင်အတွင်း၊ အုပ်ချုပ်မှုအာဏာအတွင်းက ငြိမ်ဝပ်ပိပြားအောင်ဆောင်ရွက်နိုင်ရင်တောင် သူတို့လူမျိုးတွေကို အနိုင်ကျင့်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ပါတယ် နဲ့ သူခိုးကလူဟစ်ပြီး အလှူခံတောင်းရမ်း စားသောက်ကြဦးမယ်။ မရှင်းများမရှင်းနိုင်လို့ကတော့ ဝေသာလီပြည် ဘီလူးကျတာထက်ဆိုးပြီး ယာရှင်မျောက်မောင်း ထောင်းထောင်းကြေအောင် နှိပ်စက်ကြဦးမှာ။ (အခုထက်ထိတော့ မရှင်းရသေးဘူးဗျ) ပြဿနာကတော့ အဲသည်အုတ်ကြားမြက်ပေါက်၊ ဟိုဘက်ထွက်ပြေး သည်ဘက်ထွက်ပြေး ခွေးလှေးကြမ်းပိုးများက မွတ်စလင်သာသနာတော်ကြီးကို အကာအကွယ် ယူထားတဲ့အခါမှာ ကိုယ့်ဘက်က ခွေးရိုက်ချင်တာတောင် ခွေးရှင်မျက်နှာငဲ့ငဲ့နေရတာနဲ့ အကိုက်ခံရပေါင်း မနည်းတော့ဘူး။ တဆိတ်ရှိ ခွေးရှင်သွားသွားတိုင်ရအောင်ကလည်း သူမွေးထားတဲ့ခွေးတွေမဟုတ်ပဲ ပေါက်လွှတ်ပဲစား ခွေးဝဲစားများက သူ့အိမ်အတွင်း ၀င်ဝင်ပြေးလာတာ ရှင်းရလွန်းအားကြီးလို့ တံခါးတောင် ပိတ်ပိတ်ထားရတာကိုး။ နောက်ဆုံးတော့ ကိုယ့်ဘက်မှာ တံခါးမရှိတာကိုပဲ အပြစ်တင်ရမလို။

          အကြမ်းဖက်သမားများကို နှိမ်နှင်းတယ်ဆိုတာ အလ္လာအရှင်မြတ်ရဲ့ အလိုတော်နဲ့ဆန့်ကျင်တယ် လို့ မထင်ပါဘူး။ ဘယ်ဘုရားသခင်ကမှ “ချစ်သားတို့ ငါ့စကားနားမထောင်သူတို့ကို အရှင်မထား သတ်ဖြတ်၍ ငါ့သာသနာတည်တံ့အောင်ပြုလော့” လို့ မှာခဲ့တာမှ မရှိပဲနဲ့။ ကိုယ့်ဘာသာဝင်ဖြစ်နေလို့ အဲသည်အကြမ်းဖက်သမားကို အကာအကွယ်ပေးရမယ် လို့တောင် တွေးလို့မရပါဘူး။ ၉/၁၁ မှာ စွမ်းစွမ်းတမံ စီမံကွပ်ကဲမှုကြီးကြောင့် ဘင်လာဒင်ကြီးကို သူ့ဘုရားသခင်က ကောင်းချီးပေးပါသလား။ သူ့စွမ်းဆောင်ရည်ဟာ ကမ္ဘာအရပ်ရပ်က မွတ်စလင်ဘာသာဝင်များကို သိက္ခာရှိ မျက်နှာပန်းလှစေပါသလား။ နိုင်ငံတကာလေဆိပ်ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ သူ့ကြောင့်မို့ အပြစ်မဲ့ဘာသာဝင်တွေအားလုံး သံသယမျက်လုံးနဲ့ အကြည့်ခံရတာပါ။ ဟုတ်တယ်။ အကြမ်းဖက်တာ လုံးဝမကြိုက်ဘူး။ ကုလားတွေ အကြမ်းဖက်တာ မကြိုက်သလို ရခိုင်တွေ ပြန်အကြမ်းဖက်တာလည်း မကြိုက်ဘူး။ ဆိုပြီး ဘဲဥအစရှာမရသလို တရားခံရှာရင်း မျက်စိလည်ကုန်မှာစိုးလို့ တကယ့်တရားခံကို ထောက်ပြချင်ပါတယ်။ အဲသလောက်ရှင်းနေတဲ့ အချက်အလက်တွေကို မမြင်နိုင် မသုံးသပ်နိုင်တာကတော့ အခါခါ ပြောခဲ့သလို ချက်ကိုမရှာပဲ ဘက်ကိုအရင်ရှာတဲ့အတွက်ပါ။

          ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂါလီလူမျိုး မွတ်စလင်ဘာသာဝင်အရေအတွက်ဟာ သူတို့တောင်းဆိုနေတဲ့ လူမျိုးစုအနည်းအကျဉ်းဆိုတဲ့ Minority Ethnic ထက် အများကြီးပိုပါတယ်။ အထူးသဖြင့် မြောက်ပိုင်း ဘူးသီးတောင် မောင်းတောဘက်မှာ ၉၅.၅% အထိရှိတယ်ဆိုရင် မျက်လုံးပြူးမျက်ဆံပြူးနဲ့ မယုံနိုင်အောင် ဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ရခိုင်တိုင်းမင်းကြီးလုပ်သွားတဲ့ ဦးထင်ဖတ်ရဲ့ ရခိုင်ပြည်နယ်အစီရင်ခံစာ(၁၉၆၀) ထဲမှာကတည်းက ဘင်္ဂါလီကျူးကျော်မှု အန္တရာယ်ကို ရှင်းရှင်းလင်းလင်း ရေးထားခဲ့ပြီးသားဖြစ်ပါတယ်။ မြန်မာတွေဘက်က ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ။ သူတို့နေတဲ့ရွာဟာ သူတို့ရွာပဲ။ သူတို့မြေပဲ။ သူတို့တိုင်းပြည်ပဲလို့ အခိုင်အမာ ယူဆထားပြီးဖြစ်ပါတယ်။ ဒီကနေ့ သူတို့တောင်းဆိုနေတဲ့ အခွင့်အရေးကတော့ အဲသည်မြေပေါ်မှာနေထိုင်ခွင့် တောင်းနေတာ လုံးဝမဟုတ်ပါဘူး။ နိုင်ငံသားအဖြစ် တောင်းနေတာတောင် မဟုတ်ပါဘူး။ (တောင်းစရာမှ မလိုတာ။ မှတ်ပုံတင်လိုချင် လွယ်သလား ခက်သလား ကိုယ့်ထက် သူတို့က ပိုသိမယ်)။ သူတို့လိုချင်တာကတော့ အဲဒီနေရာကို သူတို့ပိုင်ပြည်နယ်အဖြစ် တိုင်းရင်းသားများနဲ့တန်းတူ အခွင့်အရေးများ ကိုယ်ပိုင်အုပ်ချုပ်ရေးများ လိုချင်တာဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသား ဆိုတဲ့အဓိပ္ပါယ်ဟာ အတူတကွ ကြီးပြင်းရှင်သန်လာခဲ့ကြသော မွေးချင်းညီအကိုများဆိုတာနဲ့ အနှစ်သာရတူပါတယ်။ သူတို့ရဲ့ စိတ်ထားဟာ ပြည်ထောင်စုစိတ်ထားရှိမရှိ ဆိုတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ အဲသည်လူတွေက သူတို့ကိုယ်သူတို့ အယ်လ်ကိုင်ဒါများလို မွတ်စလင်အကြမ်းဖက်တွေအရေခြုံပြီး ဟောက်စားလုပ်ချင်သော်လည်းပဲ စစ်တပ်မရှိတဲ့အခါများမှသာ အုပ်စုအင်အားနဲ့ ခွေးအများလို အမဲဖျက်တတ်သူများဖြစ်ပါတယ်။ သူတို့ကို နည်းနည်းကလေး ထိလာပြီဆိုရင်တော့ ကမ္ဘာအရပ်ရပ်က မွတ်စလင်ဘာသာဝင်များကို ကြည့်မနေကြပါနဲ့။ ကယ်ကြပါဦး။ သူတို့လောက် ဘာသာတရားကိုင်းရှိုင်းပြီး သာသနာတော်ကြီးပြန့်ပွားဖို့ အသက်စွန့်ကျိုးပန်းနေရတဲ့သူ မရှိပါဘူးဆိုပြီး ဘင်္ဂလားဗီဇ ပီသစွာ အဘားအဘားအော်ပါတယ်။

          အဲသည်လို ဂျာအေးသူ့အမေရိုက်နေတဲ့ပြဿနာဟာ ပြည်ပကအစိုးရဆန့်ကျင်ရေး လုပ်နေသူတွေအတွက် စပွန်ဆာရှာလို့ လုပ်ကိုင်စားသောက်စရာ စားကျက်တစ်ခုဖြစ်လာတဲ့အခါ မဆီမဆိုင် လူ့အခွင့်အရေးခေါင်းစဉ်အောက်ကို အတင်းဆွဲထည့်လာကြပါတယ်။ ကိုယ့်အိပ်ထဲကတစ်ပြားမှ စိုက်စရာမလိုပဲ ဦးစိတ်ကောင်းကြီးအဖြစ် အမှတ်ဝင်ယူချင်တဲ့သူတွေကလည်း သနားပါတယ်။ ပေးလိုက်ပါလားနဲ့ လူလုံးဝင်ပြ အသံကောင်းဟစ်ကြပါတယ်။ ဦးနေ၀င်းကြီးလက်ထက်ကတည်းက သတင်းအမှန်တွေကိုသာ မထိန်မချန် လွှင့်လေ့ရှိတယ်လို့ နံမည်ကျော်ခဲ့တဲ့ ဘီဘီစီသတင်းဌာနကြီးတောင် ခုချိန်မှာတော့  ရွာထိပ်အလှူခံမဏ္ဍပ်က လော်စပီကာနဲ့ ဘာမှ မခြားတော့ဘူး။ အလှူငွေထည့်ရင် တစ်ရွာလုံးကြားအောင် အော်ချင်တာအော်လို့ရနေပြီ။ သူ့ဘာသာသူ သူကြီးတူမလင် အီစမန်အင် အလှူငွေသုံးကျပ် ကျေးဇူးတင် မဟုတ်တမ်းတရားတွေ အော်နေတဲ့အတွက် ကိုယ့်ဘက်က ပြန်ဖြေရှင်းတဲ့အခါကျတော့ မိုးမီးလောင်အောင် လေပင့်ပေးပါတယ်။ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ကြောင်း မီဒီယာတွေက အတိအလင်း ငြင်းဆိုတဲ့အတွက် ကျီမီးရှို့မယ့်သူလိုက်ရှာတဲ့အခါ ကျောက်နီမော်က အခြေအနေမဲ့ သူခိုးကြမ်းပိုးတွေက လူမဆန်တဲ့အပြုအမူကို လူသိရှင်ကြားဖြစ်အောင် စိန်ခေါ်တဲ့စကားတွေနဲ့ အစဆွဲထုတ်လိုက်ပါတယ်။ ကမ္ဘာအနှံ့အပြား ဖြစ်လေ့ရှိတဲ့ ရာဇ၀တ်မှုမျိုးပေမယ့် ထူးခြားတာကတော့ ဖြစ်စဉ်ကို ဖုန်းနဲ့ MP4 ရိုက်ထားပြီး စပွန်ဆာများထံဖြန့်ဝေတယ် ဆိုတာရယ်။ အခွေကြည့်ရသူ စပွန်ဆာများက သာဓုအနုမောဒနာခေါ်ပြီးး အဖမ်းခံရလေသူ လူစွမ်းကောင်းများအတွက် ဆုကြေးငွေများချီးမြှုင့်ရန် ဘောလုံးပွဲနိုင်တဲ့သူတွေလို ကြွချီလာကြတယ်ဆိုတာ မခိုင်လုံသော်ငြား လူတိုင်းပါးစပ်ဖျားရောက်နေတဲ့ ကောလာဟလ စကားတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ယုံချင်ယုံ မယုံချင်နေ အဲသည်ကောလာဟလသတင်းရဲ့ အကျိုးဆက်ကိုတော့ တောင်ကုတ်ကိုဖြတ်သန်းသွားလာသူတွေ လက်တွေ့ခံစားလိုက်ရပါတယ်။ သည်အဖြစ်အပျက်မှာ မမှန်သတင်းလွှင့်သူတွေ သင်ခန်းစာယူရမယ့်အစား ပို၍ပို၍ မမှန်သောသတင်းများကိုသာ နားနဲ့မဆံအောင် ကြားလာရပါတယ်။ လူအုပ်စုနဲ့ ၀ိုင်းဝန်းနှိပ်စက်သတ်ဖြတ်တာဟာ ဘယ်သူလုပ်လုပ် ကောင်းတဲ့ကိစ္စမဟုတ်တာ အမှန်ပါ။ ရခိုင်ကလုပ်လို့ သည်ကိစ္စကိုတရားတယ် မပြောလိုပါ။ သို့သော်လည်း လူတွေကို အဲသလို တားဆီးမရအောင် သတ်ချင်ဖြတ်ချင်တဲ့ စိတ်မဖြစ်မချင်း သွေးထိုးလှုံ့ဆော်သူတွေကို ဘယ်သူကမှ သတိမထားမိပါဘူး။ ဖြစ်လာတဲ့ အခြေအနေတစ်ခုအပေါ်မှာ အမြတ်ထုတ်တာ မဟုတ်ပဲ ကိုယ့်အတွက် အမြတ်ရဖို့ အခြေအနေတစ်ရပ် မဖြစ်ဖြစ်အောင် ဖန်တီးယူတာကမှ လူမဆန်တဲ့လုပ်ရပ် လို့ မြင်ပါတယ်။ သည်ဖြစ်စဉ်ကို ကမ္ဘာသိအောင် ထအော်ပြီးတော့မှ တရားမ၀င်ဝင်ရောက်နေထိုင်တဲ့ ကိုယ့်မြေပေါ်ကနေ လူနည်းစုဒေသခံတွေကို အနိုင်ကျင့်မောင်းထုတ်ပြီး လူမျိုးရေးအဓိကရုဏ်း ခေါင်းစဉ်တပ်ပါတယ်။ တကယ့်တကယ်တော့ နိုင်ငံရေး ဘာသာရေးခေါင်းစဉ်အောက်ကနေ တရားဥပဒေမဲ့ပြုကျင့်ချင်လို့ အကွက်ဆင်ဖန်တီးထားတာ မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်မှာလဲ။

          နယ်စပ်ကျူးကျော်ဝင်ရောက်မှုဆိုတာ အုတ်တံတိုင်းခတ်ထားနိုင်တာ မဟုတ်လို့ နိုင်ငံတိုင်းမှာ တွေ့လေ့ရှိတဲ့ သဘောတရားတစ်ခုပဲ လို့ ပြောမယ်ဆိုရင် ပြောလို့ရသော်ငြား ကိုယ့်ဘက်က သင်ခန်းစာယူစေချင်တာကတော့ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို လက်တစ်လုံးခြားလုပ်ရင် ဘာဖြစ်တတ်သလဲဆိုတာ မျက်ဝါးထင်ထင် သိစေချင်တာပါပဲ။ ပြည်တွင်းပြည်ပမီဒီယာတွေအနေနဲ့ အဲသည်လူတွေကို နာမ်စားအဖြစ်နဲ့သုံးမယ်ဆိုရင် အသင့်တော်ဆုံးစကားလုံးကို ရွေးပေးရမယ်ဆိုရင်တော့ အကြမ်းဖက်သောင်းကျန်းသူဆိုတာထက်ကောင်းတာ ရှာမတွေ့သေးပါဘူး။ သူတို့ဟာ အစ္စလာမ်ဘာသာဝင်တွေကိုလည်း ကိုယ်စားမပြုဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုလည်း ကိုယ်စားမပြုပါဘူး။ အမှားအမှန် ရေရေရာရာ ခွဲခြားမသိပဲ ရေဒီယိုထဲက လျှာတစ်ချောင်းနဲ့မွှေနေလို့ လူအများအပြား သေကြေပျက်စီးကြရမယ့်အရေးကို တွေးတွေးဆဆ သတိပြုစေချင်ပါတယ်။ လက်ရှိအခြေအနေက အဲဒီအကြမ်းဖက်သောင်းကျန်းသူတွေကို မဖြစ်မနေ ချေမှုန်းကြရတော့မယ့် အနေအထားဖြစ်လာခဲ့ရင် မဆီမဆိုင် ဘာသာရေး လူမျိုးရေးတွေခေါင်းစဉ်တပ်ထားလို့ ချစ်ခင်ရင်းစွဲ မိတ်ဆွေသင်္ဂဟအပေါင်းတို့က အထင်အမြင်လွဲသွားမှာကို မခံနိုင်ပါဘူး။ မွတ်စလင်ကိုလည်း မမုန်းပါဘူး။ ကုလားကိုလည်း မမုန်းပါဘူး။ အကြမ်းဖက်သောင်းကျန်းသူတွေကိုတော့ ချေမှုန်းရပါလိမ့်မယ်။ နယ်စပ်ကမီး ပြည်တွင်းထဲလာလာရှို့တာကို သတိနဲ့ရှောင်ရှားကြစေချင်ပါတယ်။ မြန်မာပဲဖြစ်ဖြစ် တခြားဘာလူမျိုးပဲဖြစ်ဖြစ် အလကားနေရင်း အဲသည်လူမျိုးဖြစ်နေလို့ဆိုပြီး မုန်းတီးရိုက်နှက် နှိပ်စက်သတ်ဖြတ်တဲ့အမှုတွေကို လုံးဝမဖြစ်စေချင်တဲ့အတွက် နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူတွေရဲ့ ရန်ကို မြင်သာအောင် ရေးရပါတယ်။ မုန်းစကိုလည်း တိုစေချင်ပါတယ်။ ချစ်စကိုလည်း ရှည်စေချင်ပါတယ်။

          နိဂုံးမချုပ်ခင်မှာ သည်ပြဿနာမျိုးဟာ ကမ္ဘာအရပ်ရပ်မှာလည်း ပုံစံတူဖြစ်ပွားဖူးတာကို “Current History” April 2009 မှာပါတဲ့ Khalid Koser ရဲ့ “Why Migration Matters” ဆိုတဲ့ဆောင်းပါးကနေ မောင်ခိုင်အောင်(စစ်တွေ) က ကောက်နုတ်ထားတာကို ဝေမျှချင်ပါတယ်။ ၉/၁၁ နောက်ပိုင်းမှာ လူသားရွှေ့ပြောင်းမှုကြီးတွေဟာ လုံခြုံရေးနဲ့ဆက်နွယ်တဲ့ပြဿနာတွေ၊ အကြမ်းဖက်မှု၊ ရာဇ၀တ်မှု၊ ကူးစက်ရောဂါပြဿနာ စတာတွေနဲ့ ဆက်နွယ်လာပါသတဲ့။ တရားမ၀င်ရွှေ့ပြောင်းမှုတွေမှာ ခြစားမှုတွေ၊ စံနစ်တကျစီစဉ်တဲ့ ရာဇ၀တ်မှုတွေ အကျုံးဝင်လာတဲ့အခါ အများပြည်သူလုံခြုံမှုကို အန္တရာယ်ဖြစ်စေပါသတဲ့။ ဒီအခါမှာ မူလရှိပြီးသား လူမှောင်ခိုများ၊ လူကုန်ကူးသူများနဲ့ ဥပဒေမဲ့ဝင်ရောက်မှုတွေကို ပိုမိုချောမွေ့အဆင်ပြေစေပါသတဲ့။ အလုပ်အကိုင် ရှားပါးလာတဲ့အခါမှာတော့ တရားမ၀င် ၀င်ရောက် နေထိုင်သူတွေနဲ့  အိမ်ရှင်လူထုအကြားမှာ တိုင်းတပါးမုန်းတီးရေးစိတ်ကို ဆွပေးနိုင်ပြန်ရောတဲ့။ ဒီအတွက် တရားမ၀င်တွေကိုသာမက အခြေကျပြီးသား ဒုက္ခသည်တွေ၊ တိုင်းရင်းလူနည်းစုတွေကိုပါ အန္တရာယ်က ဦးတည်သွားနိုင်တာမို့ လျှော့မတွက်သင့်ပါဘူး။ အမှန်တကယ် အန္တရာယ်များပါတယ် လို့ ပြောထားပါတယ်။ ဟုတ်သည် မဟုတ်သည်ကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ဝေဖန်သုံးသပ်ကြည့်ကြပါတော့ဗျာ။  


၁၀ ဇွန် ၂၀၁၂ ၊ ၁၀း၀၅ ဂျီအမ်တီ   
စိုးမင်း  

 Soe Min Facebook မှ ကူးယူဖော်ပြသည်။    


တကယ့်ကို ကောင်းမွန်တဲ့ သုံးသပ်ချက်ပါ
ဒီလို သုံးသပ်ချက်မျိုးကိုပဲ ဖတ်ချင်ပါတယ်
ကျေးဇူးတင်ပါတယ် ဆရာစိုးမင်း

ရိုဟင်ဂျာနဲ့ပက်သက်သော သုံးသပ်ချက်များ (၂) - ရိုဟင်ဂျာ (ဇော်ဝင်း)

ရိုဟင်ဂျာ

ရိုဟင်ဂျာ လူမျိုးတို့သည် မြန်မာတိုင်းရင်းသား လူမျိုးစုများအတွင်းတွင် ပါဝင်ခြင်းမရှိပေ။ လွတ်လပ်ရေးမတိုင်မီ မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းများတွင် ရိုဟင်ဂျာ ဝေါဟာရ မရှိခဲ့ပေ။ လွတ်လပ်ရေးရပြီးတွင်လည်း မရှိခဲ့ပါ။ ရိုဟင်ဂျာဟူသော အသုံးအနှုန်းသည် ၁၉၆၀-ခုနှစ်၊ ၀န်းကျင်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ခန့်မှန်းရသည်။

ခရစ်သက္ကရာဇ် ၁၈၀၀ ကျော်ခန့်၌ ဘိုးတော်ဘုရား လက်ထက်တွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက် ဘိုးတော်ဘုရား စစ်တမ်း ဟုခေါ်ဆိုသောမှတ်တမ်းရှိခဲ့သည်။ ထိုစစ်တမ်းသည် ပြည့်စုံ၍ မြန်မာနိုင်ငံအတွင်း နေထိုင်သော လူမျိုးများ အားလုံးကို ကျကျနန စစ်တမ်းကောက်ထားခြင်း ဖြစ်သည်။ ထိုစစ်တမ်းတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်း မရှိခဲ့ချေ။

ရိုဟင်ဂျာဟူသည်

ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင်စကား လွင့်ဂျာက ဖြစ်လာသော စကားဖြစ်သည်။ ရည်ရွယ်ချက် ဦးတည်ချက်မရှိပဲ လွင့်နေသော မည်သူ့ကိုမဆို ရခိုင်ဘာသာ စကားနှင့် လွင့်ဂျာဟု အဓိပ္ပာယ်ရသည်။

ဥပမာ။ ။သစ်ပင်များက သစ်ရွက်များကြွေလျှင် လေထဲ၌ ၀ဲပြီး ဦးတည်ရာမဲ့ လွင့်နေတာကို ဆိုလိုသည်။
ဘာသာဗေဒနှင့် ဆန်းစစ်ကြည့်လျှင် လွင့်ဂျာမှ ရိုဟင်ဂျာဟု ပြောင်းလဲလာသည်ဟု ဆိုနိုင်ပေသည်။ (ရခိုင်-မြန်မာ ပညာရှိကြီး ဦးသာထွန်း)

ဘင်္ဂလီ

အေဒီ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြုထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်လူမျိုးတို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိကိုမိမိ ရိုဟင်ဂျာဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက်လာသော မူဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂါလီများသာ ဖြစ်သည်။

ရခိုင်လူမျိုးများကိုတိုက်ခိုက်ခြင်း

၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌ စုံစမ်းရေးကော်မရှင် တစ်ခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအားလုံး ဖျက်ဆီးခံရသည်။ ရခိုင်တစ်ချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တစ်ချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ ထွက်ပြေးခဲ့ကြရသည်။

ဘင်္ဂလီ တို့ ရိုဟင်ဂျာ လုပ်ပြီ

၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့သည် အနောက် ပါကစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ပါကစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများ နည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။

မြန်မာပြည်ကိုသိမ်းလိုသော ကုလားဆိုးများ

သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖောက်ထွက်ရန် ထွက်ပေါက်ရှာလာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန်ကြောက်မက်ဖွယ် ကောင်းသော ကုလားလှုပ်ရှားမှု တစ်ခုဖြစ်ပွားခဲ့သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းပြီး ဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ် ရန် ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျ တိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည် ငါတို့တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြသည်။

မြန်မာပြည်ရှိ တိုင်းရင်းသား လူမျိုးများ သတိပြုဖွယ်

၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ရှိပါတော့သည်။ ကျန်ရွာများအား မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟင်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ်သည်။

ဒေါက်တာအေးကျော် (ရခိုင်)၏ ပြောပြချက်

ကိုလိုနီခေတ်တွင် ဘင်္ဂါလီများသည် ရခိုင်ပြည်တွင် စပါးရိတ်၊ လယ်ထွန် အလုပ်လာလုပ်ပြီး ပြန်သွားကြသည်။ လွတ်လပ်ရေးရပြီး ဦးနု၏ ဖဆပလ ခေတ်တွင် ရခိုင်ပြည်၌ အဓိက လွှမ်းမိုးသော ပါတီကြီးနှစ်ခုရှိသည်။ ဖဆပလနှင့် ရတည (ရခိုင် စည်းလုံးညီညွတ်ရေး ပါတီ)တို့ ဖြစ်သည်။ ရတည၏ ခေါင်းဆောင်သည် ဦးကျော်မင်းဖြစ်သည်။ သန့် ရှင်း ဖဆပလ ခေါင်းဆောင်ဖြစ်သည့် ဦးနုသည် တိုင်းပြည်၏ အကျိုးထက် သူ့ပါတီအကျိုးကို ကြည့်သည့်အနေဖြင့် မေယုခရိုင်ကို သတ်မှတ်ပေးခဲ့သည်။ မေယုခရိုင်အတွင်းသို့ ဘင်္ဂါလီ များအား ၀င်ခွင့်ပြုပြီး မဲရရှိနိုင်ရန် အတွက် မျက်နှာသာပေး၍ မှတ်ပုံတင် ပြုလုပ်ပေးခဲ့သည်။ ဦးနု မဲရရန် အတွက် မျက်နှာသာပေးသောအခါ ဘင်္ဂါလီများသည် နိုင်ငံရေးအဆင့်ထိ တိုးတက်လုပ်ဆောင် လာသည်ကို တွေ့ရှိရသည်။ ၎င်းမှာ ရိုဟင်ဂျာဆိုသည့် ပြဿနာကို ဖြစ်ပေါ်စေသော အကြောင်းအရင်း ဖြစ်သည်။

ရိုဟင်ဂျာ ပေါ်ပေါက်လာရသော နောက်ခံ အကြောင်းတရား

ရိုဟင်ဂျာဆိုသည်မှာ အပေါ်ယံ ပြဿနာသာဖြစ်သည်။ အရင်းခံအကြာင်းက “အစ္စလာမ်ဝါဒ လွှမ်းမိုးပြန့်ပွားရေး”ဆိုသော ပြဿနာသာ ဖြစ်သည်။ ထိုလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုပေးသည်မှာ အာဖရိကတိုက် မြောက်ပိုင်းမှ တိုင်းပြည်များ၊ အရှေ့အလယ်ပိုင်းမှ နိုင်ငံများမှ ငွေကြေး၊ လက်နက် စသဖြင့် လိုအပ်သည်များအား ထုနဲ့ ထည်နဲ့ ပံ့ပိုးပြီး လုပ်ဆောင်နေခြင်းဖြစ်သည်။ အရှေ့ တောင်အာရှကဆိုရင် မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေက ဒါကို အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့ နယ်မြေရရှိစေဖို့ အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို့ဟာ ရိုဟင်ဂျာအမည် ကို သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်း သား ဖြစ်ဖို့ အားထုတ်လာတယ်၊ တကယ်တော့ ရိုဟင်ဂျာဆိုတာ လူမျိုးလည်းမဟုတ်ဘူး၊ မြန်မာတိုင်းရင်းသားလည်း မဟုတ်ဘူး။

Credit: ဝီကီမြန်မာ

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC








၉ ဇွန် ၂၀၁၂၊ ၁၆း၅၄ ဂျီအမ်တီ
ဇော်ဝင်း

Zaw Win Facebook မှ ကူးယူဖော်ပြသည်။






ရိုဟင်ဂျာအရေးနဲ့ပက်သက်သော သုံးသပ်ချက်များ (၁) - အချိန်မီလေးတင် (မျိုးဆက်)




အပြစ်တင်ချင်တာလည်းမဟုတ်သလို တိုက်ခိုက်လိုတာလည်းမဟုတ်ပါ။ မိမိအားနည်းချက်ကို မြင်မှသာလျှင် ပြင်ဆင်နိုင်မှာဖြစ်လို့ ဖြစ်ပါတယ်။

လွန်ခဲ့သော လပိုင်းများကတည်းက ကျနော်ဟာ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများထံ ရိုဟင်ဂျာဘင်္ဂါလီတို့အရေးနဲ့ပတ်သက်လို့ ဆက်သွယ်နိုင်ရန်ကြိုးစားခဲ့ပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်များကိုလည်း ပေးပို့နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေများနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစား နိုင်ရန်ကြိုးစားခဲ့ပါတယ်။ ထိုနည်းတူစွာပဲ အစိုးရဖက်ကိုလည်း ဆက်သွယ်နိုင်ရန်ကြိုးစားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အစိုးရဖက်က သင့်တော်တဲ့တုန့်ပြန်မှုကိုမရခဲ့ပါ။ ရုရှားမှ အရာရှိငယ်များကသာ အပြုသဘောဆန်စွာ တုန့်ပြန်ခဲ့ကြပါတယ်။ ထိုနည်းတူစွာ ဒီမိုကရေစီအင်အားစုများအနက်မှ ထင်ရှားသူအချို့ကလည်း တုန့်ပြန်ခြင်းမပြုခဲ့ပါ။ တုန့်ပြန်ခဲ့သူအနည်းစုရဲ့ ယေဘုယျအမြင်ကလည်း "နိုင်ငံရေးခြေထိုးကွက်" အဖြစ်သာ ရိုဟင်ဂျာပြဿနာကိုရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ အမှန်တစ်ကယ်ပဲ ဖြစ်ပါတယ်။

ဒီ ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒေသခံ ရခိုင်တွေရဲ့ ဘဝနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နောက်ပြီး မြန်မာ့ပိုင်နက်နဲ့လည်း တိုက်ရိုက်ပတ်သက်နေတဲ့အပြင် မြန်မာ့သမိုင်း၊ လွတ်လပ်ရေးရခဲ့ကတည်းက နိုင်ငံတော်အစိုးရကနေ တစ်ညီတစ်ညွတ်တည်းအသိအမှတ်ပြုထားခဲ့တဲ့ တိုင်းရင်းသားဖြစ်ခြင်းနဲ့ တိုင်းရင်းသား အခွင့်အရေးနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။

တိုင်းရင်းသားဖြစ်ခွင့်သည် ခွဲထွက်ခွင့်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သာမန်လူပင်လျှင်သိနိုင်ပါတယ်။ ဒါကြောင့် ဒီ ရိုဟင်ဂျာ ဘင်္ဂါလီပြဿနာဟာ မုချကို ဖြေရှင်းရမယ့် ကိစ္စကြီးတစ်ရပ် ဖြစ်နေတာ အလွယ်တကူ သိနိုင်ပါတယ်။ သို့ပေမယ့် ပြည်တွင်းနိုင်ငံရေးဖြစ်ထွန်းမှု ခေါင်းစဉ်များအောက်မှာ ရိုဟင်ဂျာအရေးဟာ တိမ်မြုပ်နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ကျခံနေရစဉ်ကာလ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံမတင်မီ နအဖ စစ်ကောင်စီအုပ်ချုပ်ရေးခေတ်ကတည်းက ဒီရိုဟင်ဂျာ ဘင်္ဂါလီတွေဟာ လူ့အခွင့်အေ၇းခေါင်းစဉ်နဲ့ အတူ ဒီမိုကရေစီလှုပ်ရှားသူအင်အားစုများထဲကို ထိုးဖောက်လာခဲ့ပြီး "ကြောင်းကွဲ သံတူ" ပုံစံနဲ့ သူတို့အတွက်ကို တောင်းဆိုလာခဲ့ကြပါတယ်။ ဒီဟာတွေကို အဓိက ကူညီထောက်ပံ့ပေးခဲ့ကြတဲ့အဖွဲ့များကတော့ ကုလသမဂ္ဂဒုက္ခသည်စောင့််ရှောက်ရေးအဖွဲ့ (UNHCR) နဲ့ NGO များပဲ ဖြစ်ပါတယ်။  မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူများနဲ့ နောက်ကွယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ဟန်တူပြိး ပြည်ပမြန်မာမီဒီယာလောကကို ကြိုးကိုင်ခဲ့ကြပါတယ်။

ဒေသခံရခိုင်တွေနဲ့ တင်းမာမှုအမြဲ ဖြစ်နေခဲ့တဲ့အတွက် ဒီလို ပဋိပက္ခမျိုးဟာ အမြဲတမ်းဖြစ်ပေါ်ဖို့ နီးစပ်နေခဲ့တာဖြစ်ပါတယ်။ ဒီရိုဟင်ဂျာ ဘင်္ဂါလီတွေဟာ ဘူးသီးတောင်၊မောင်တော ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစ္စလာမ်မစ်ဒေသ အဖြစ်ထူထောင်ဖို့ မူဂျာဟစ်သူပုန်များအဖြစ် ဖဆပလ ခေတ်ကတည်းက သောင်းကျန်းခဲ့ဖူးပါတယ်။ မြန်မာအစိုးရရဲ့ ထိုးစစ်ဆင်မှုများနဲ့ အတူ ဒီအရေးခင်းဟာ ငြိမ်သက်ဟန်ဖြစ်ခဲ့ပြီး လာဘ်စားသော လ.ဝ.က များနဲ့ န.စ.က များက ဘင်္ဂါလီပေါင်းများစွာကို မြန်မာနိုင်ငံတွင်းကို ပျော်ပျော်ကြီးပို့ဆောင်ပေးခဲ့ကြပါတော့တယ်။ ဒီအချိန်မှာ ဒီ ဘင်္ဂါလီအဖွဲ့တွေဟာ သမိုင်းကိုလိမ်လည်ဖန်တီးဖို့အတွက် အင်တာနက်မှ ဝါဒဖြန့်ချီခြင်းတွေ လုပ်ဆောင်နေခဲ့ပြီဖြစ်သလို အနောက်နိုင်ငံများအထိလည်းပေါက်ရောက်အောင် လုပ်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီမှာ တစ်ခု ရင်နာစရာကောင်းတာကတော့ ရိုဟင်ဂျာ ဆိုတာနဲ့ မြန်မာဆိုတာကို တွဲပြီး မြင်သွားအောင် လုပ်ဆောင်ခဲ့သူတွေသည် ၁၉၈၈ အရေးတော်ပုံအပြီး ပြည်ပကို တိမ်းရှောင်သွားကြတဲ့ နိုင်ငံရေးသမားများပဲ ဖြစ်နေပါတယ်။ 

သမိုင်းကိုလိမ်လည်ဖို့ လုပ်လာခြင်းသူ သူတို့ရဲ့ မရိုးသားတဲ့ရည်ရွယ်ချက်ကို သိသာစေပါတယ်။ တိုင်းရင်းသားအဖြစ်တောင်းဆိုခြင်းသည် သူတို့ရဲ့ အကောက်ဥာဏ်ကိုပေါ်လွင်စေပါတယ်။ လက်နက်များကို တွေ့ရှိရသည်ဟု သတင်းများစွာထွက်ပေါ်နေခြင်းသည် ဘူးသီးတောင်၊ မောင်တော ဒေသကို သူတို့ကိုယ်ပိုင်ဒေသအဖြစ်သတ်မှတ်ဖို့ အားထုတ်နေပြီဆိုတာ သိသာစေပါတယ်။ ဒါဟာ မြန်မာ့ ပိုင်နက်နဲ့ အချုပ်အခြာအာဏာကို ထိပါးခြိမ်းခြောက်လာတာပဲဖြစ်ပါတယ်။

ကျနော်တို့ဟာ နိုင်ငံေ၇းလုပ်မယ်ဆိုရင် ဒီလို နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်သောအမြင်များ စူးရှထက်မြက်ဖို့လိုအပ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးအတွက် အမြင်မရှိရင် ဖျံနှစ်ကောင် ငါးကိုလုနေတုန်း မြေခွေးက ယူစားသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အစိုးရနဲ့တစ်ကွ ကျန်သော နိုင်ငံေ၇းပါတီအသီးသီးကို မြန်မာနိုင်ငံရခိုင်ကမ်းမြှောင်ဒေသ ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများကို နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီး အန္တရာယ်င်္ရှိသော ဇုန်များအဖြစ် သတ်မှတ်ပေးသင့်နေပြီဖြစ်ပါတယ်။နိုင်ငံတော်လုံခြုံရေးကိစ္စတွေမှာ သဘောမကွဲဘဲ အားလုံး တစ်ညီတစ်ညွတ်တည်းရပ်တည်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျနော်တို့အတွက် သင်ခန်းစာပဲဖြစ်ပါတယ်။ ကျနော်တို့ ဒီနယ်မြေတွေကို မဆုံးရှုံးသေးပါ။ နိုင်ငံတကာရှိ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေနဲ့ ပြည်ပမီဒီယာတွေလုပ်ကြံနေတာကို ခံနေရသော မြန်မာပြည်ကို ဒီလိုလုပ်ကြံခံနေရခြင်းမှ လွတ်မြောက်ဖို့အတွက် ထိရောက်ပြင်းထန်တဲ့ ရာဇသံမျိုးကို ထင်ရှားသော နိုင်ငံရေးပါတီခေါင်းဆောင်များက ပေးစေလိုပါတယ်။ နိုင်ငံတကာမီဒီယာများမှ မြန်မာသတင်းဌာနများဟာ မြန်မာ့နိုင်ငံရေးသမားများက ကသပိတ်မှောက်လိုက်လျှင် မည်သို့မျှ လည်ပါတ်၍မရနိုင်ပါ။ ဒါကြောင့် ဒီမိဒီယာတွေကို နိုင်ငံရေးသမားများနဲ့ ပြည်သူအများက သပိတ်မှောက်ဒဏ်ခတ်ခြင်းကို ပြုစေလိုပါတယ်။

ဒီလို ခါးသီးတဲ့ ဒုက္ခတွေကို သွေးချင်းရခိုင်တွေကို ပေးမိတဲ့အတွက် ကျနော်တို့မှာ အကြွေးကြီးကြီးမားမား တင်ရှိသွားပြီဖြစ်ပါတယ်။ အချင်းချင်း အပြန်အလှန်မယုံကြည်မှုတွေနဲ့ ဒီလို အရေးအခင်းကြီးဖြစ်တဲ့အခါမှာ ယခင်လက်တွမညီခဲ့မှု ရလာဒ်တွေဟာ ဘူးပေါ်သလို ပေါ်လာခဲ့ပြီဖြစ်တဲ့အတွက် အမျိုးသားရေး၊နိုင်ငံ့လုံခြုံရေးကိစ္စတွေမှာ ယခင်လို မကွဲလွဲကြတော့ဘဲ စည်းလုံးညီညွတ်နိုင်ကြကာ ကိုယ့်အမှားကို "အချိန်မီ" ပြင်ဆင်နိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

၁၀ ဇွန် ၂၀၁၂ ၊ ၁၀း၁၁ ဂျီအမ်တီ
မျိုးဆက် (Myo Set)

Myo Set Facebook မှ ပြန်လည် ကူးယူဖော်ပြသည်။



Saturday, 8 August 2009

အနှစ် ၂၀ အတွက် ပါဒ များ


အနှစ် ၂၀ အတွက် ပါဒ များ

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ မှာ နှောင်ကြိုးကလွဲလို့  တခြားဆုံးရှံးစရာမရှိ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ မှာ တည်ရမယ့် ကတိတွေနဲ့၊ မအိပ်ခင်သွားရဦးမယ့်ခရီးတွေနဲ့။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ အားလုံး စပါးတားကတ်(စ်) တွေချည်းပဲ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
အကောင်းဆုံးကိုမျှော့်လင့်၊ အဆိုးဆုံးအတွက်အသင့်ပြင်ထား။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
တော်လှန်တဲ့ အတွေးအခေါ်တစ်ရပ်မရှိဘဲ တော်လှန်တဲ့အရေးတော်ပုံတစ်ရပ်မရှိနိုင်ဘူး။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
တိုက်ပွဲပုံသဏ္ဌာဆိုတာ အဖိနိပ်ခံတွေက ရွေးချယ်ရတာမဟုတ်၊ ဖိနိပ်သူက ရွေးချယ်တာ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ ဘယ်တော့မှ လက်နက်မချ၊ ငါတို့ ညီညွတ်ကြ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ငါတို့ နဲ့အတူ (ဒေါ်)အောင်ဆန်းစုကြည်ရှိတယ်။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ယုံကြည်လိုက်စမ်း၊ ငါတို့ တစ်နေ့ အနိုင်ရရမယ်။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ဒီမိုကရေစီရအောင်လုပ်တာဟာ ရန်သူကိုအကောင်းဆုံးလက်စားချေတာပါပဲ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ညဦးယံမှာ ငိုကြွေးခြင်းက လာတည်းခိုတယ်၊ နံနက်ယံမှာ သီချင်းဆိုဖို့ အခွင့်ရှိတယ်။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ရှစ်လေးလုံးဟာ အမြဲတမ်း ရှစ်လေးလုံးဖြစ်တယ်။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
ရွှေဝါရောင်တောလှန်ရေး အဓွန့် ရှည်ပါစေ။

နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ 
နီ...ဟေ့...။ ။


အောင်ဝေး
(မြန်မာနိုင်ငံကဗျာဆရာ)

သြဂုတ် ၄၊ ၂၀၀၈

(ပုံစာ - ၁၉၉၀ သြဂုတ် ၈ က ထုတ်ဝေတဲ့ စက္ကူရင်ထိုးကလေး၊ ၈ လေးလုံး ၂ နှစ်ပြည့်စဉ်က - မိုးမခ)

Thursday, 23 July 2009




လန်ဒန်တိုင်(မ်)းသတင်းစာ၌ ဖော်ပြခဲ့သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ

  • မောင်ထင် ဘာသာပြန်သည် (၂၄-၇-၀၇)

မြန်မာ့နိုင်ငံရေးနိုးကြားသော ခေတ်ဦး၌လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသော ခေတ်၌လည်းကောင်း၊ အလွန်သြဇာတိက္ကမ ကြီးမားသော သခင်ကိုယ်တော်မှိုင်းသည် လွန်ခဲ့သော ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်သောအခါ အသက် (၈၉) နှစ်ရှိလေပြီ။

သခင်ကိုယ်တော်မှိုင်းသည် လှည်းသမားတဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်းဆက်တို့၏ လွတ်လပ်သော နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ်စပ်ကြားတွင် တည်ရှိ သည်။ ရိုးရာဓလေ့အတိုင်း ငယ်စဉ်က မိမိဖွားရာဇာတိရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ပြီး နောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက်ပညာသင်ယူခဲ့၏။

ထိုအခါ သခင်ကိုယ်တော်မှိုင်းသည် ဗြိတိသျှတို့က နောက်ဆုံးမင်းဆက် မြန်မာဘုရင်ကိုနန်းချသည့် အရေးအခင်း၌ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရသည်။ ၁၈၉၄ ခုနှစ် တွင် စာပုံနှိပ်စက်တခု၌ ၀င်ရောက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့လာခဲ့ သည်။ ထိုအချိန်၌ ဆရာလွန်းဟု တွင်သည်။ ထိုအမည်မှာ မူလအမည်ကို အနည်းငယ်လွှဲပြောင်းထားသော အမည်ဖြစ် သည်။ (အင်္ဂလိပ်တို့၌ အမည်ရှေ့တွင် မောင်၊ ကို၊ ဦး၊ ဆရာစသော ဂုဏ၀ုဒ္ဓိကို ဖော်ပြသည့်အလေ့အထမရှိ။ ထို့ ကြောင့် ငယ်စဉ်ကမောင်လွန်း၊ လူပျိုအရွယ်၌ ကိုလွန်း၊ အသက်ကြီးလာသောအခါ ဦးလွန်း၊ ဆရာသမား ဖြစ်လာ သောအခါ ဆရာလွန်းဟူ၍ အမည်အမျိုးမျိုး ပြောင်းလဲလာပုံကို အင်္ဂလိပ်သတင်းစာဖတ် ပရိသတ်တို့ ရုတ်တရက်နား လည်ရန်ခက်သည်။ ထို့ကြောင့် ဆရာလွန်း အကြောင်းကိုရေးသားရာ၌ ထိုအမည်သည် အနည်းငယ်ပြောင်းလဲလာ သောအမည်ဟု သိလွယ်အောင်ရေးခြင်းဖြစ်သည်။ ဘာသာပြန်သူ) ထို့နောက် ဆရာလွန်းသည် ပြဇာတ်များကိုရေး သည် သူရေးသော ပြဇာတ်များမှာ ပုဒ်ရေ (၈၀) ခန့်ရှိသည်။

ဆရာလွန်းသည် နဘေထပ်ကာရန်များနှင့် ကဗျာသီကုံးရေးသားရာ၌ အလွန်သွက်သွက်လက်လက် ရေးတတ်သည် ဖြစ်ရကား၊ ယင်းအရည်အချင်းသည် သူ သတင်းစာလောကထဲသို့ ၀င်ရောက်ရာ၌ များစွာအထောက်အပံ့ ဖြစ်လေ သည်။ သတင်းစာလောကထဲသို့ ၀င်လာခါစ၌ မော်လမြိုင်တွင် ထုတ်ဝေသော သတင်းစာတွင် ပထမဆောင်ရွက်သည်။ သို့သော် မကြာမီ ၁၉၁၁ ခုနှစ်တွင် ရန်ကုန် မြို့၌ ထုတ်ဝေသော သူရိယသတင်းစာတွင် ၀င်ရောက်လုပ်ကိုင်ရာ နိုင်ငံရေးကို စိတ်ပါဝင်စား လာလေသည်။

သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျောက် အင်္ဂလိပ်စာကို သင်ယူခြင်း မပြုခဲ့ချေ။ တသက်ပန်လုံး မြန်မာ့အဂ္ဂိရတ်ပညာတွင် ထထကြွကြွ လိုက်စားခဲ့သည်။ သူရိယသတင်းစာသည် မြန်မာ သတင်းစာတို့တွင် နိုင်ငံရေးဆိုင်ရာ အရေး အသားတို့ကို ပထမဦးဆုံးရေးသားထားသော သတင်းစာဖြစ်သည်။

သခင်ကိုယ်တော်မှိုင်းနှင့် ရေးဘော်ရေးဘက်တို့သည် ထိုစဉ်က ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေး အကြောင်းကို သတင်းစာထဲ၌ဆွေးနွေးလေ့ရှိရာ ယင်းသို့ဆွေးနွေးသည်ကို သဘောတူ၍ ကြိုဆိုသည်။ အင်္ဂလိပ်တို့၏ အပြုအမူ ကို ခုံမင်၍ မြန်မာအမည်ရှေ့တွင် မစ္စတာဟု ခေါင်းတပ်သော သူတို့ကို သရော်သောအားဖြင့် ထိုခေတ်က ကျော်ကြားသော မြန်မာဝတ္ထုတပုဒ်၌ ပါသောအမည် တခုကိုယူ၍ မိမိကိုယ်ကိုမိမိ မစ္စတာမောင်မှိုင်းဟု ကလောင်အမည် ကိုပေးသည်။

သူရိယသတင်းစာတွင်လုပ်ကိုင်နေသော ဆယ်နှစ်တာအတွင်းဝယ် မြန်မာတို့သည် အတိတ်၌ ဇာတိဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်ကို ပြန်လည်သတိရစေခြင်းငှာ “ဋီကာ” အဖွဲ့များကို ရေးသား သည်။ ထို့ပြင် မြန်မာစာပေများကို လည်း ပြုစုသည်။ ထိုအရေးအသားများကို နိုင်ငံအစိုးရက အရေးယူခြင်းမပြုသော်ငြားလည်း ထိုအရေးအသားတို့သည် အခြားတပါးသောသူတို့က တိုက်ရိုက်ရေးသားသော အရေးအသားများထက်ပို၍ မြန်မာနိုင်ငံရေး အတွေးအခေါ်တို့ကို ဖြန့်ချီရာ၌ အဆင့်အတန်းမြင့်မြင့်နှင့် ထိရောက်သည်။ သခင်ကိုယ်တော်မှိုင်းသည် ထိုခေတ်က နိုင်ငံရေးသမားများ ကိုယ်ကျိုးရှာ၍ အရည်အချင်းမပြည့်မ၀နှင့် ပျော့ညံ့ညံ့ အလုပ်လုပ်သည်ကိုလည်း ရှုတ်ချဝေဖန်လေ့ရှိသည်။

သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ပါတီသစ်တပါတီအနေဖြင့် ထင်ရှားလာသော တို့ဗမာ အစည်းအရုံးကို သူ၏ သြဇာတိက္ကမနှင့် ၀င်ရောက်အားပေးကူညီရာ၊ ၁၉၃၆ ခုနှစ်တွင် နာယက ဖြစ်လာလေသည်။ ထိုအခါ တို့ဗမာ အစည်းအရုံးဝင်တို့၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင် နာမည်ကို ခံယူသည်။ ဤသည်တွင် ကွယ်လွန်သည် အထိ သခင်ကိုယ်တော်မှိုင်းအမည်ဖြင့် ထင်ရှား သည်။

တို့ဗမာအစည်းအရုံး၌ ဆောင်ရွက်သောအခါ နောင်အခါတွင် ခေါင်းဆောင်ဖြစ်လာကြမည့် ခေတ် လူငယ်များကို အကြံအဥာဏ်တို့ဖြင့် အားပေး အားမြှောက်ပြုရာ ထိုလူငယ်များတသိုက်တွင် မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှတို့နှင့် စေ့စပ်၍ ရအောင် ယူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက် ခဲ့သော ဦးနုတို့ အပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်စဉ်က သခင်ကိုယ်တော်မှိုင်းသည် ၀န်ကြီး အဆင့်အတန်းရှိသော ရာထူးဌာနန္တရတခု၌ ခေတ္တ၀င်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် စစ်ကြီးပြီးသောအခါ ထိုရာထူးမှ ထွက်၍ အငြိမ်းစားနေထိုင်ခဲ့သည်။

မြန်မာစာပေကို အကြောင်းပြု၍ သခင်ကိုယ်တော်မှိုင်းအား အင်္လကာကျော်စွာဘွဲ့ကို အပ်နှင်းသည်။ သခင်ကိုယ် တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦး ဖြစ်သည့်အားလျော်စွာ ၁၉၅၄ ခုနှစ်တွင် စတာလင် ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်ခြင်းခံရသည်။ မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အချုပ်အချယ် ပြုမည့် ရာထူးဌာနန္တရတို့ကို ငြင်းပယ်၍ တသက်ပတ်လုံး မြန်မာ့လွတ်လပ်ရေး အကျိုးငှာသာလျှင် ဆောင်ရွက်ခဲ့လေသည်။

ဘာသာပြန်သူ၏မှတ်ချက် - လန်ဒန်တိုင်းသတင်းစာသည် ပါတီဂိုဏ်းဂဏ သြဇာခံသတင်းစာမဟုတ်၊ လွတ်လပ်စွာ ရေးသားသည့် ပေါ်လစီကို လက်ကိုင်ပြုသည့် သတင်းစာဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာ၏ အာဘော်ကို အခြား တပါးသော နိုင်ငံတို့က ကြိုက်သည်လည်းရှိလိမ့်မည်။ မကြိုက်သည်လည်းရှိလိမ့်မည်။

မြန်မာနိုင်ငံကို ဂျင်နရယ်ပရင်ဒါဂတ် ၀င်ရောက်သိမ်းပိုက်စဉ်က လန်ဒန်တိုင်းသည် အင်္ဂလိပ် စစ်တပ်တို့၏ အပြုအမူ ကို ပြစ်တင်ရှုတ်ချသော သတင်းများရေးသားသည်။ သို့ရာတွင် မြန်မာ နိုင်ငံသည် ဗြိတိသျှနိုင်ငံဖြစ်လာသော အခါမူ ကား ဗြိတိသျှတို့၏ အကျိုးစီးပွားကိုငဲ့၍သာ ရေးသားသည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အပြောင်းအလဲစီမံကိန်းများ ပေါ်ပေါက်သော ၁၉၂၀ တ၀ိုက်ခေတ်၌မူကား လန်ဒန်တိုင်းသည် မြန်မာကိုယ်စားလှယ် ဦးဘဘေ၊ ဦးသိန်းမောင် စသော ပုဂ္ဂိုလ်တို့ကို ကူညီ၍ မြန်မာ့အာဘော်ကို တင်ပြပေးသည်။ ဤသဘာဝကား ကမ္ဘာ့အရေးအခင်းတို့၌ လွတ် လပ်စွာ စဉ်းစားဆင်ခြင်၍ လွတ်လပ်စွာ အဆုံးအဖြတ်ပေးသော သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာ အာဘော်ကို ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အများက လေးစားကြပေသည်။

ထင်ရှားသော ပုဂ္ဂိုလ်တို့ ကွယ်လွန်သောအခါ လန်ဒန်တိုင်းသည် နာရေးသတင်းကဏ္ဍ၌ ကွယ် လွန်သူ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိကို ဖော်ပြလေ့ရှိသည်။ ဤသို့ဖော်ပြရာ၌လည်း တော်ရုံတန်ရုံ ပုဂ္ဂိုလ်တို့ကို ဖော်ပြလေ့မရှိချေ။ ၀ိဇ္ဇာပညာ ရေးရာ၊ သိပ္ပံပညာရေးရာ၊ စာပေရေးရာ၊ အနုပညာ ရေးရာ၊ ကမ္ဘာ့ရေးရာတို့တွင် ကမ္ဘာ့ဂန္တ၀င်ထဲ ၀င်ထိုက်သည်ဟု ယူဆမှသာလျှင် ဖော်ပြလေ့ရှိသည်။ ယင်းသို့ဖော်ပြရာ၌လည်း ကမ္ဘာနှင့်စပ်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်လျှင် ရန်သူမိတ်ဆွေ ဟူ၍ သဘော မထားဘဲ တတ်နိုင်သမျှ တိတိကျကျ လေ့လာစုံစမ်း၍ ဖော်ပြလေ့ရှိသည်။

စစ်စစ် ဗြိတိသျှအင်ပါယာဝါဒ မျက်စိနှင့်ကြည့်လျှင် သခင်ကိုယ်တော်မှိုင်းသည် အင်ပိုင်ယာ နယ်ချဲ့ သမားတို့၏ အဓိ ကရန်သူ ဖြစ်ပေသည်။ သို့ပါလျက်နှင့် လန်ဒန်တိုင်းသည် သခင်ကိုယ်တော်မှိုင်းကို ရန်သူကဲ့သို့မကြည့်၊ မျိုးချစ်စာပေ ပညာရှင်တဦးကဲ့သို့သာမြင်သည်။ ဤအမြင်ဖြင့် ရေးသားခြင်းသည် အရေးခံရသူကို ဂုဏ်ပြုသည်နှင့်အမျှ ရေးသူကို လည်း ဂုဏ်တက်စေသည်။ ကျနော်လေ့လာ ကြည့်၍ရသမျှနှင့် ပြောရမည်ဆိုပါက မြန်မာခေါင်းဆောင်တို့တွင် ဤကဲ့ သို့ ရေးသားဂုဏ်ပြုခံရသူမှာ သခင်ကိုယ်တော်မှိုင်းသာလျှင် အာဒိ (ရှေးဦး) ပုဂ္ဂိုလ်ဖြစ်သည်။

လန်ဒန်တိုင်(မ်)းသတင်းစာတွင် ဖော်ပြခဲ့သော ရက်စွဲမှာ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ဖြစ်သည်။

သခင်ကိုယ်တော်မှိုင်း “၁” ရာပြည့်ကော်မတီမှ ကူးယူသည်။

(၂၀၀၆ ခုနှစ်ထုတ် အောင်စောဦး ပြုစုသည့် “ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်းနှစ် (၁၃၀) ပြည့် အထူးထုတ်” စာအုပ်မှ ကူးယူဖော်ပြသည်။)



ဝီကီမြန်မာမှ...

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏အကြောင်းကို ၀ီကီမြန်မာတွင် အကျယ်တ၀င့် ဖတ်ရှုနိုင်ပါသည်။



(၁၈၇၆ ခု၊ မတ်လ ၂၃ ရက် - ၁၉၆၄ ခု၊ ဇူလိုင် ၂၃ ရက်)


သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်ကို ရန်ကုန်မြို့  ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ ကန်တော်မင်ပန်းခြံထဲတွင် ထားရှိထားပါသည်။

သခင်ကိုယ်တော်မှိုင်းနေ့


မစ္စတာမောင်မှိုင်း နောက်ဆုံးနေ့ရက်များ

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာရလာပြီး ၁၉၆၃ နိုဝင်ဘာတွင် အစိုးရနှင့် တောခိုအဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်သွားသည် သာမက နောက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ပါ ဖျက်သိမ်းခြင်း ခံရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်သွားချိန်မှစ၍ စိတ်ထိခိုက်ကာ အင်အားချိနဲ့ လာခဲ့သည်။ သို့သော် အဖွဲ့ဖျက်သိမ်းခံရသည့် အကြောင်းအား တပည့်၊သား၊မြေးများမှ ဖုံးဖိထားခဲ့ကြသည်။

တနေ့တွင် ကွမ်းသီးထုတ်အား ပတ်ထားသည့် သတင်းစာစက္ကူမှ ထိုသတင်းအား သိရှိသွားကာ "တိုင်းပြည်တော့ပိုဆိုးတော့မှာပဲ" ဟုဆိုပြီး အိပ်ယာထဲ လဲသွားသည်။

၁၉၆၄ ခုနှစ်ဇူလိုင်၂၂ တွင် သတိမရှိတော့ပဲ ၂၃ရက်နေ့နံနက် ၁နာရီ အချိန်တွင် ကွန်လွန်အနိစ္စ ရောက်သွား ခဲ့သည်။ ကွန်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီဖြစ်သည်။



ရာဇဝင်တွေလဲ ရိုင်းတုန်းပဲ အဖိုးရေ...


မောင်လူထွေး

ကိုလူထွေး ဘလော့မှ ကူးယူထားပါသည်

Sunday, 19 July 2009

၁၉ ဇူလိုင် မမေ့နိုင်















“ မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး

ဇူလိုင် တစ်ဆယ့်ကိုး ”

Tuesday, 7 July 2009

နိဒါန်း

မင်္ဂလာပါ
ဘာပဲဖြစ်ဖြစ် မှတ်မှတ်ရရ ဖြစ်စေဖို့ ဘလော့ဂ်တစ်ခု ဖန်တီးလိုက်ပါတယ်။ ကိုယ်တိုင်ရေးတာထက် မမေ့ပစ်ရမယ့် (သမိုင်း) အကြောင်းအရာတွေကို စုစည်းသွားဖို့ ရည်ရွယ်ပါတယ်။
တစ်နေ့ကျရင် ပြန်တွေ့မယ့်သူငယ်ချင်းများ စုစုစည်းစည်း ဖတ်ရဖို့လည်း ရည်ရွယ်ပါတယ်။